ပရိတ်သတ်ရှေ့ကနေ ပျောက်နေတာကြာပြီဖြစ်တဲ့ အူဝဲ ရဲ့သတင်းသဲ့သဲ့လေးတော့ကြားရပါပြီ

ပရိသတ်ကြီးရေ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကတော့ လူထုအရေးအခင်းကြီး မဖြစ်ခင်က သူမကိုယ်တိုင်ထုတ်ထားတဲ့ ရေမွေးကို ရောင်းချပေးမယ်လို့ ကြောငြာထားတာလည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့ Eaindra Kyaw Zin Merchandise Team ကနေ အူဝဲက ကျန်းမာရေးကြောင့် ဆက်မလုပ်နိုင်တော့လို့ ရေမွေးအားလုံးကို company တစ်ခုကိုရောင်းလိုက်ပြီဖြစ်ကြောင်း အခုလိုရေးသားလာတာလည်းဖြစ်ပါတယ်။

အားလုံးပဲ မင်္ဂလာပါ Eaindra Kyaw Zin Merchandise Team အနေနဲ့ ဒီနေ့မှာ သတင်းလေးတစ်ခုပြောပြချင်ပါတယ်။အစ်မ Eaindra Kyaw Zin ဟာ လွန်ခဲ့တဲ့ ၂နှစ်ကျော်ကာလကတည်းက

သူချစ်တဲ့ ပရိသတ်အတွက် ရေမွှေးကို အမှတ်တရ ဖြန့်ချီပေးချင်ခဲ့တာ အားလုံးလည်း သိပြီးသားဖြစ်လိမ့်မယ်လို့ ထင်ပါတယ် ဒါပေမယ့် အခုအချိန်မှာတော့ အစ်မဟာ ကျန်းမာရေးအခြေအနေကြောင့်

ကိုယ်တိုင်လုပ်ဆောင်နိုင်ခြင်းမရှိတော့ပါဘူး ပြီးတော့ ရေမွှေးပုလင်းတွေက သက်တမ်းတစ်ခုလည်းရှိပြီး ကာလအရှည်ကြီးသိမ်းဆည်းထားဖို့လည်း မဖြစ်နိုင်တာကြောင့် Beauty Diary Co.Ltd ကို လွှဲပြောင်းရောင်းချလိုက်ပြီဖြစ်ပါတယ်

Beauty Diary ကပဲ အစ်မရဲ့ ပရိသတ်တွေအတွက်အမှတ်တရ ရေမွှေးပုလင်းလေးတွေကို ဖြန့်ချီပေးသွားမှာပါ ။

Beauty Diary က ဖြန့်ချီတဲ့ အချိန်ကျရင်တော့ အစ်မကိုယ်တိုင် အပင်ပန်းခံကြိုးစားခဲ့တဲ့ရေမွှေးလေးတွေကို အားပေးအကဲဖြတ်ပေးကြပါဦးလို့ သတင်းစကားလေးပါးလိုက်ပါတယ်ခင်ဗျာ။

ပရိသတ်တွေ အားလုံးကိုသတိရကြောင်းပရိသတ်တွေနဲ့ ပြန်ဆုံနိုင်အောင် ကျန်းမာရေးကို ဂရုစိုက်ပြီး နေထိုင်နေကြောင်းလည်း အစ်မကစကားလက်ဆောင်လေး ပါးခိုင်းလိုက်ပါတယ်ဟုရေးသားလာခဲ့သည်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *