ကနီနယ်တွင် စစ်ကောင်စီတပ်၏ အလစ်အငို-က်တို-က်ခို-က်ခံရပြီး PDF ၃ ဦးကျဆုံး
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာ အနောက်ဘက် မုံရွာ-ယာကြီး- ကလေးဝလမ်းမကြီး ပေါ်တွင် စစ်ကောင်စီတပ်၏ ရုတ်တရက်ပစ်ခတ်မှုကြောင့် PDF သုံးဦးကျဆုံးခဲ့ကြောင်း သိရသည်။




ဩဂုတ်လ ၂၆ ရက် မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် မုံရွာ-ယာကြီး- ကလေးဝလမ်းမကြီး မှန်တောင်အထွက်တွင် စစ်ကောင်စီတပ် အင်အား ၂၀၀ ခန့်ရှိ စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ကာ ပစ်ခတ်ခံရခြင်း ဖြစ်သည်။
“ခွေးတွေ(စစ်ကောင်စီတပ်သားများ)မလာလောက်သေးဘူးဆိုပြီး ဒီကောင်တွေက ဖြတ်လိုက်တာ ။မိုးကလည်း တဖွဲဖွဲကျနေ တော့ ခွေးတွေဇီးပင်တွင်းရွာက မထွက်လောက်သေး
ဘူး ထင်ကြတာ ။ရှေ့မှာက ဆိုင်ကယ်နဲ့ပစ်ခံထားရတာကိုမြင်တော့ ကားကိုအရှိန်လျော့လိုက်တာ အဲ့အချိန်မှာ တရစပ်ပစ်ခံရတာ” ဟု တော်လှန်ရေးရဲဘော်များ ကျဆုံးပုံကို ရွှေတြိဂံတပ်ရင်းမှ ကိုစိုင်းက ပြောသည်။




တိုက်ခိုက်ခံရမှုတွင် ရိုးမဖိုက်တာ တပ်ရင်းမှ ရဲဘော်လေချုပ်(ခ)လှမြင့်သန်း၊ Democratic Guerrilla Force(Lower Chindwin)DGF/ChindwinBrothers မှ ရဲဘော်သူရ(ခ)လှမင်းနိုင် နှင့် ရိုးမဖိုက်တာတပ်ရင်းမှ ရဲဘော်ကျောက််ခဲ တို့ကျဆုံးသွားခြင်း ဖြစ်သည်။
ယမန်နေ့က ကျဆုံးရဲဘော်များ၏ ရုပ်အလောင်းများအား တိုက်ခိုက်မှုဖြစ်စဉ်အနီးတွင် ပြန်တွေ့ရသည့်အခါ အသက်ရှင်လျက် ဖမ်းမိသော်လည်း နှိပ်စက်သတ်ဖြတ်ထားသည့် လက္ခဏာများ တွေ့ရသည်ဟု ဆိုသည်။
“ရုပ်အလောင်းတွေ တွေ့တဲ့အခါ တော်တော်လေးနှိပ်စက်ထားတဲ့ ဒဏ်ရာတွေကို တွေ့ရတယ် ။ ခေါင်းတွေဆိုလည်း ရိုက်ခွဲထားသလို လက်တွေခြေထောက်တွေလည်း ရိုက်ချိုးထားတာတွေ တွေ့ရတယ်” ဟု ကျဆုံးရဲဘော်များ၏ ရုပ်အလောင်းပုံစံကို ကိုစိုင်းက ပြန်ပြောပြသည်။




တိုက်ပွဲဝင်ရင်း အောင်ပွဲမရခင် ကျဆုံးရသည့်ရဲဘော်များကို “ပန်းတိုင်မရောက်ခင် နှုတ်ဆက်သွားချိန်မှာ မင်းတို့ရဲ့မျှော်လင့်ချက်တွေကို ငါတို့ဆက်လက် သယ်ပိုးပြီး စွမ်းနိုင်
သမျှကြိုးစားသွားမှာပါ။ငါတို့တွေရဲ့ရင်ထဲမှာ မင်းတို့အမြဲရှိနေမှာပါ” ဟု ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ဗျတ္တညီနောင်အဖွဲ့က ကျဆုံးရဲဘော်များ၏ ရုပ်ပုံနှင့်တကွ လူမှုကွန်ရက်မှတဆင့် ယနေ့ ဩဂုတ်လ ၂၈ရက် မနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
တော်လှန်ရေးရဲဘော်များအား သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းသည် ဩဂုတ်လ ၁၁ ရက်တွင် ရင်ပေါင်တိုင်အား စစ်ကြောင်းထိုးကာ ဒေသခံ ဦးရေ ၂၀ နီးပါးသတ်ဖြတ်သွားပြီး




ပုလဲနယ်၊ထိုမှတဆင့် ရင်ပေါင်တိုင်နှင့် ငါးမိုင်ခန့်အကွာ ကပိုင်၊ သီးကုန်း၊ သလောက်၊ ကြပ်၊ ဝင်းကုန်း စသည့်ကျေးရွာများသို့ ဝင်ရောက်မီးရှို့ကာ ယခုကနီနယ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ထိုတပ်ဖွဲ့များအား ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက လိုက်လံတိုက်ခိုက်နေပြီး လက်ရှိအချိန်တွင် ကနီမြို့နယ် ချင်းတွင်းမြစ်အနီးရှိ မအိုကျေးရွာတွင် တပ်စွဲနေကြောင်း သိရသည်။
ယနေ့မနက်အစောပိုင်းတွင်လည်း ထိုစစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်သံကြားရသော်လည်း ဒေသခံတော်လှန်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများမရှိသေးကြောင်း ကိုစိုင်းကပြောသည်။
Crd